Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၉.၀၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၃၁)ဒေါ်လာသန်း၊ စုစုပေါင်း(၁၀.၄၅၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၀.၉၉၅%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖေဖော်ဝါရီလ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၁၇၅) တန်၊ တန်ဖိုး (၁.၇၉၇) ဒေါ်လာသန်း၊ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၄၈၀.၀) တန်၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၃၉၇) တန်၊ တန်ဖိုး(၀.၂၀၁)ဒေါ်လာသန်း ၊Iron Concentrate တန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၄၀) တန်၊ တန်ဖိုး (၀.၁၃၆)ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၄၂၈)တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၆၃.၁၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅၄) တန်၊ တန်ဖိုး (၀.၂၈၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၇၁) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News