Local News

မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံဈေးနှုန်းများ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊မိတ္ထီလာကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ၊ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံစျေးနှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ၁၀၀,၀၀၀-၁၀၂,၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၀,၀၀၀-၁၁၅,၀၀၀ ကျပ်၊ နေကြာစေ့ တစ်တင်းလျှင် ၄,၀၀၀-၄,၁၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄,၀၀၀-၁၄,၅၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် ၂,၅၅၀ ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် ၂,၉၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၁,၈၃၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလတွင် ဆီထွက်သီးနှံများ ဈေးနှုန်းမြင့်တက်ပြီး ကုန်ချောဈေးနှုန်းများ တည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပဲမျိုးစုံသီးနှံများအနေဖြင့် ကုလားပဲ (V2)နှင့် ပဲစင်းငုံသီးနှံများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စျေးနှုန်းများမှာ ကုလားပဲ(V2) တစ်တင်းလျှင် ၉၇,၀၀၀ ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် ၁၂၃,၀၀၀ ကျပ်တို့ဖြင့်လည်းကောင်း ဝါတစ်ပိဿာလျှင် ၃,၀၀၀-၃,၂၀၀ ကျပ်၊ ငရုတ်သီးအသစ် တစ်ပိဿာလျှင် ၉,၅၀၀-၁၀,၀၀၀ ကျပ်များဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News