Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်မှ ၈  ရက်နေ့အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၈၄၃၄၉၁၅.၇၆၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၂၁၁၀၆၉၁.၉၈၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ မြေထောက်ပဲ၊ သခွားမွှေး၊ မြေပဲဆံ၊ ဆန်ကွဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ သီဟိုဠ်စေ့၊ ပဲယင်း၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဖရုံသီး၊ မကျည်း သီးစေ့ပါနှင့် IRON CONCENTRADE များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၆၈၇၀၂၉၁.၈၈၀ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏ တန်ဖိုး မှာ ၈၄၃၄၉၁၅.၇၆၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ  ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်‌ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ အခြားစက္ကူများ၊ သံနှင့်သံမဏိ ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေး၊ သတ္တု ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သံပိုက်၊ ကားတာယာနှင့် ပန်းသီးများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၂၇၀၁၈၅.၉၇၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၈၄၀၅၀၆.၀၁၀ တင်သွင်းမှုရှိခဲ့ပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News