Local News

ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ပဲမျိုးစုံ (၁)ပိဿာ ဈေးနှုန်းမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၃၀၀၀ ကျပ်၊ ပဲပုပ် ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၂၉၀၀ ကျပ်၊ ပဲဒီစိမ်း(ရွှေဝါ) ၃၅၀၀ ကျပ်၊ မတ်ပဲ ၄၂၀၀ ကျပ်၊ ပဲနောက် ၃၀၀၀ ကျပ်၊ မြေပဲဆံ ၇၀၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်း ဝယ်ရေးလုပ်ငန်း)နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ)တို့မှ သိရှိရပါသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ပဲဖြူလေး ၁ ပိဿာ ၆၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၃၂၀၀ ကျပ်၊ ပဲပုပ် ၁ ပိဿာ ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၃၀၀၀ ကျပ်၊ ပဲဒီရွှေဝါ ၁ ပိဿာ ၃၇၅၀ ကျပ်၊ မြေပဲဆံ ၁ ပိဿာ ၇၂၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၁ ပိဿာ ၈၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနှင့်ပဲပုပ်ဈေးနှုန်းမှာ တည်ငြိမ်လျက်၍ရှိပြီး၊ ပဲဈေးနှုန်း များအနည်းငယ်စီ ကျလျက်ရှိကြောင်းသိရှိရပါသည်။ ထိုသို့ပဲဈေးနှုန်းကျဆင်းရခြင်းသည် ပဲအသစ်ပေါ် ထွက်သည့်ရာသီဖြစ်ခြင်းနှင့် ဘားအံမြို့သို့ ပဲမျိုးစုံဝင်ရောက်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း ဈေးကွက် စုံစမ်းမှုအရ သိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
 

Category: Local News