Local News

ပဲကြီးအသစ်များဝင်ရောက်နေပြီး အရောင်းအဝယ်အေးဈေးကျ

Last Updated:

မတ်လဒုတိယအပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့ မြင်းမူ၊ ကျောက်တွင်းတို့မှ ပဲကြီးအသစ်များ ဝင်ရောက်လျက်ရှိနေပြီး ဈေးကျအရောင်းအဝယ်အေးနေသည်။ ပြည်တွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များနှင့် ပြည်ပမှအနည်းအငယ်သာ ဝယ်ယူမှုရှိနေကြောင်းသိရသည်။ ယခင်နှစ် ဒီဇင်ဘာလအတွင်းက ပဲလက်ကျန်နည်းခြင်း၊ ဈေးကွက်အဝယ်လိုက်ခြင်းကြောင့် ပဲကြီး တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့ကြောင်းတွေ့ရသည်။

ပဲကြီး(ကြီး) ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀၊ ၂၈၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၂၀၀၀၀၊ ယခင်လကျပ် ၃၈၀၀၀၀၊ ၃၉၀၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀၀ မှ ၁၀၅၀၀၀ ထိဈေးနိမ့်ကျလာသည်။

ပဲကြီး(လတ်)  ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၅၀၀၀၊ ၂၇၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၅၀၀၀၊ ၂၉၀၀၀၀၊ ယခင်လကျပ် ၃၇၀၀၀၀၊ ၃၈၀၀၀၀ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၂၀၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀၀ မှ ၁၀၅၀၀၀ ထိဈေးနိမ့်ကျ လာသည်။

ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၄၅၀၀၀၊ ၂၅၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၅၅၀၀၀၊ ၂၆၀၀၀၀၊ ယခင်လကျပ်  ၃၅၀၀၀၀ ဖြစ်ခဲ့သည်၊၊ ယခင် တစ်ပတ်ထက် ကျပ် ၁၀၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀၀မှ ၁၀၅၀၀၀ ထိဈေးနိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

Category: Local News