Local News

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (ပထမပတ်)အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ်(၆၀၀)ကိုလည်း ကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၄၀၀၀၀)ဖြင့် အိတ်(၁၅၀)ကိုလည်းကောင်း၊ နှမ်းနီ (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၂၅)ကို လည်းကောင်း၊ နှမ်းဖြူ (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၅၀၀၀၀)ဖြင့် အိတ်(၇၀)ကိုလည်းကောင်း၊ နှမ်းသီးနှံမှာ ဖေဖော်ဝါရီလ(စတုတ္ထပတ်) မှ မတ်လ(ပထမပတ်)အထိ ဈေးနှုန်းများပြောင်းလဲခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၈၇၀၀၀-၈၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၂၇၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ (မြကြေး) (၁)တင်းလျှင် ကျပ်(၈၇၀၀၀-၉၅၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၂၀၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၂၀၀၀-၉၅၅၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၅၀)အိတ်ကိုလည်းကောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ် (၁၁၇၄၀၀-၁၂၅၈၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၉၀၀)အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် ကျပ်(၆၅၀၀၀-၆၇၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၈၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၆၈၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၄၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၅၈၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၇၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁) တင်းလျှင် ကျပ်(၉၂၀၀၀-၁၀၁၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၃၀၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ (ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၅၀၀-၆၈၀၀-) ဖြင့် (၃၀)ပိဿာဝင် အိတ် (၄၅၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၇၀၀၀-၇၅၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၂၀)အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ် (၂၇၀၀၀-၂၈၀၀၀)ဖြင့် (၃၀၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁) ပိဿာလျှင် ကျပ်(၃၁၀၀-၃၄၀၀)ဈေးနှုန်းဖြင့် ပိဿာ(၁၃၀၀၀) အသီးသီးအရောင်းအဝယ် ရှိခဲ့ပါသည်။

ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ် ထွက်ရှိလျက်ရှိပြီး ပဲကြီးဈေးနှုန်းမှာ ယခုတစ်ပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိခဲ့သဖြင့် အရောင်းအဝယ် ခပ်ပါးပါးမျှသာရှိပါကြောင်းနှင့်  ပဲစင်းငုံနီမှာ ယခုတစ်ပတ်အတွင်း အတက်ဈေးနှုန်းရှိခဲ့သဖြင့် အရောင်းအဝယ်အနည်းငယ်မြင့်တက်ခဲ့ပြီး အခြားပဲမျိုးစုံ သီးနှံတို့မှာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ ဝါသီးနှံကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းနက်စမုံ၊ နှမ်းပြာ၊ နှမ်းဖြူတို့ကို မန္တလေးမြို့သို့လည်းကောင်း၊ နှမ်းနီကို အောင်လံမြို့နယ်တွင်းရှိ ဆီစက်လုပ်ငန်း ရှင်များသို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရပါကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော် လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News