Local News

နတ်တလင်းမြို့နယ်ရှိ ဈေးများတွင်ရောင်းချနေသော ငါး ဈေးနှုန်းများ

Last Updated:

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း၊ ငါးခူ၊ ငါးရံ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်  ဧပြီလ ပထမအပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၄၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ငါးခူ တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ငါးရံ့ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ငါးဇရိုင်းတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာ (၃၀၀၀)ကျပ်၊ ငါးကျည်းတစ်ပိဿာ (၂၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ငါးသလောက် တစ်ပိဿာ (၃၀၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာ ဈေးနှုန်းမှာ (၁၅၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများက ပြောင်းလဲမှုမရှိဘဲ ငါးကြင်းခြစ်နှင့်ငါးဖယ်ခြစ် ဈေးနှုန်းများကတော့ အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News