Local News

ပြည်ကုန်စည်ဒိုင်၏ဇူလိုင်လဒုတိယပတ်ပဲမျိုးစုံဈေးနှုန်း

Last Updated:

ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လဒုတိယပတ်အတွင်း ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ်ပဲ သီးနှံဈေးများ မြင့်တက်နေပြီး ကုလားပဲ၊ ပဲကြီးဈေးမှာ အရောင်းအဝယ်အေးလျက်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၇၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းဈေးမှာ ၁၄၂၀၀၀ - ၁၄၂၅၀၀ ကျပ်ဖြင့် ဈေးမြင့်နေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀/၃၀၀ ခန့် တင်ပို့မှုရှိခဲ့ပါသည်။

ကုလားပဲ (HL) အနေဖြင့် တစ်တင်းကို ၈၄၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၀၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၂၅၀-၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲကြီးသီးနှံ၏ ဇူလိုင်လဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၂၀၀၀-၉၃၀၀၀ ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော် သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၅၀ ခန့်အဝယ်ရှိပါသည်။

ဇူလိုင်လဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ကျပ်၊ စားတော်ပဲ (မင်းတုန်း) တစ်တင်းကို ၁၂၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၅/၃၀ ခန့် အဝယ်ရှိ ပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၉၂၀၀၀ ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံအရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ကျန်ပဲများ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

Source: https://www.doca.gov.mm

Category: Local News