Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကဏန်းပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကဏန်းပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ကဏန်းပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ကဏန်းပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကဏန်းများကို ရန်ကုန်ဈေးကွက်မှ မှာယူမှုများနေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ကို ဘိုကလေးမြို့နယ်ကနေ ကဏန်းအပါအဝင် ရေထွက်ကုန်တွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကဏန်းပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အခုလက်ရှိ ဩဂုတ်လထဲမှာလဲ ဘိုကလေးမြို့နယ်ကနေ တင်ပို့ရောင်းချတဲ့ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က မှာယူမှုများတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်ရှိလာတာကြောင့် ဖြစ်ပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်အိအိဌေးက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ကဏန်းများဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားအငှားလိုက်သည့် လုပ်ငန်းရှင်များ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News