Local News

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုဧက(၄၇၀၀)မှ ဆားတန်ချိန်(၄၅၀၀၀)ကျော်ထွက်ရှိ

Last Updated:

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ ဆားထုတ်လုပ်မှုဧက (၄၇၀၀)မှ ဆားတန်ချိန် (၄၅၀၀၀) ကျော်ထွက်ရှိကာ ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုရာသီသည် နှစ်စဉ်ဒီဇင်ဘာလမှစတင်၍ ဧပြီလတွင် မိုးရွာသွန်းပါက ခေတ္တရပ်နားကာ မိုးရွာသွန်းမှုမရှိပါက မေလကုန်အထိလုပ်ကိုင်ဆောင်ရွက်ကြသည်။ ဆားများကို ပင်လယ်အငွေ့ပြန်ခြင်းစနစ်ဖြင့်ထုတ်လုပ်ကြရာ ပင်လယ်နှင့်ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်ကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ဆားများကို ပြည်တွင်းရှိ မွန်၊ ကရင်၊ တနင်္သာရီနှင့် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြည်နယ်အတွင်း ဆားလုပ်ငန်းရှင် (၉၀) ဦး ဆားထုတ်လုပ်သည်။ ဆားများကို နိုင်ငံတကာစျေးကွက်အထိတင်ပို့နိုင်ပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည့်အပြင် နိုင်ငံခြားဝင်ငွေများလည်းရရှိစေမည်ဖြစ်သည်။

မွန်ပြည်နယ်တွင် ယခုနှစ်ဆားထုတ်လုပ်ရာသီ၌ ဆားကွင်းပေါင်း(၉၀)၊ ဆားထုတ်လုပ်သည့်ဧက (၄၇၀၀)မှ ဆားတန်ချိန် (၄၇၀၀၀)ခန့်ထွက်ရှိရန် မျှော်မှန်းထားသော်လည်း မိုးများရွာသွန်းမှုကြောင့် (၄၅၀၀၀)ကျော်သာထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News