Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

 မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၁-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကော်ဖီစေ့၊ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ငရုတ် (အစို) နှင့် ပီလောပီနံ (အခြောက်)တို့ တင်ပို့ခဲ့ပါသည်။ ၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကော်ဖီစေ့၊ ကြက်သွန်နီ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ငရုတ် (အစို) နှင့် ပီလောပီနံ (အခြောက်)တို့ဖြစ်ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိ ပစ္စည်းများ(၀.၀၈၄)ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေး ကိရိယာပစ္စည်းများ(၀.၀၈၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း(၀.၀၇၃) ဒေါ်လာသန်း၊ စက္ကူများ (၀.၀၆၇) ဒေါ်လာသန်း၊ လျှပ်စစ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၀၆၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း(၀.၀၄၆)ဒေါ်လာသန်း၊ ဆေးဝါးများ (၀.၀၄၄)ဒေါ်လာသန်း ၊ စက်မှုကုန်ကြမ်းပစ္စည်း (၀.၀၃၇) ဒေါ်လာသန်း၊  စက်ဘီး (၀.၀၂၁)ဒေါ်လာသန်းနှင့် ချည်ထည်များ(၀.၀၁၉) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

၁၁-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကော်ဖီစေ့(၁)တန်လျှင် (၄၂၈၄.၇၂၂) ဒေါ်လာဖြင့် (၁၄၄.၀၀) တန်၊ (၀.၆၁၇) ဒေါ်လာသန်း၊ ကြက်သွန်နီ  (၁) တန် လျှင် (၃၈၀.၀၂၄) ဒေါ်လာဖြင့် (၄၁၀.၅) တန်၊ (၀.၁၅၆) ဒေါ်လာသန်း၊ ငရုတ်(အခြောက်) (၁) တန်လျှင် (၁၆၇၄.၉၆၁) ‌ဒေါ်လာ ဖြင့် (၈၂.၃၉၀) တန် ၊ (၀.၁၃၈) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၂.၇၂၇) ဒေါ်လာဖြင့် (၉၉.၀၀) တန်၊ (၀.၀၂၇)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၃၁၅.၂၄၁)ဒေါ်လာဖြင့် (၇၂.၉၆၀)တန်၊ (၀.၀၂၃) ဒေါ်လာသန်း၊ ပီလောပီနံ (ခြောက်) (၁)တန်လျှင် (၁၅၁.၁၆၃)ဒေါ်လာဖြင့် (၈၆.၀၀)တန် (၀.၀၁၃)ဒေါ်လာ သန်းတို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၅.၁၇၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၂.၆၆၃) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၁၇.၈၄၁) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News