Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၁-၂-၂၀၂၄)မှ (၁၂-၂-၂၀၂၄)ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၃၁.၅၀၀)တန်၊တန်ဖိုး(၀.၀၇၄)ဒေါ်လာသန်း၊ဆန်ကွဲ (၃၉၇.၅၀၀)တန်၊ တန်ဖိုး (၀.၁၇၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၄.၆၁၄)တန်၊ တန်ဖိုး (၀.၀၇၈)၊ ကြံ(၇၅.၀၀၀)တန်၊တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀)ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၃၁.၁၀)တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ ကုန်စုံ(၁၄၉.၉၃)တန်၊(၃၂၅၂၀)U၊ (၅၆၀၀)PAIR၊ တန်ဖိုး(၀.၁၈၀) ဒေါ်လာသန်း၊ ပိုက် (၁၂.၈၀၀)တန်၊တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအားမန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား  ဗန်းမော် -  မိုးမောက်  (ကျောက်စခန်း) -  စိန်လုံ -  လွယ်ဂျယ်  လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News