Local News

သရက်သီးများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရာသီပေါ် သီးနှံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများဖြစ်သော မာလကာပင်၊ ဂွေးပင်၊ သံပုရာပင်နှင့်သရက်ပင်များလည်း စိုက်ပျိုး    လျက်ရှိ ပါသည်။ နှစ်ရှည်သရက်ပင်များကိုကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များတွင်အများဆုံးစိုက်ပျိုး ကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ စိန်တစ်လုံးသရက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ အခြားစိုက်ပျိုးသောမျိုးများမှာ မစောရင်၊ ရင်ကွဲ၊ ပတ္တမြားငမောက်မျိုးများကိုလည်း စိုက်ပျိုးကြပါသည်။ ယခုအချိန်သည် သရက်သီးများ ဖြိုင်ဖြိုင်ပေါ်သောကာလဖြစ်သောကြောင့် ကျောက်ဆည်-ဟံမြင့်မိုရ် ကားလမ်းဘေးတစ်လျှောက် သစ်သီးဆိုင်များတွင် သရက်သီးများကိုအများဆုံးတွေ့ရမည်ဖြစ်ပြီး သရက်သီးစျေးနှုန်းအနေဖြင့် စိန်တစ်လုံးသရက် အကြီးတစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ် စျေးရှိပြီး အလတ်တစ်လုံးလျှင်(၄၀၀-၅၀၀)ကျပ် စျေးနှုန်းများရှိကြောင်း၊ အိတ်စွပ်သရက်သီးအလုံး အကြီးတစ်လုံးလျှင်(၁၀၀၀-၁၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်အထိ စျေးရှိကြောင်း၊ သရက်သီးရောင်းချသူ၊ ခူးဆွတ်သူများအနေဖြင့် ရင့်မှည့်အကြောတင်း အသီးများကိုသာ ခူးဆွတ်ရောင်းချရန်လိုအပ်ကြောင်း သို့မှသာ သရက်သီးအရသာမှာ မွှေး၍ ချိုနေမှာဖြစ်ကြောင်း၊ ကားလမ်းဘေးရောင်းချသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားကားများရပ်၍ အိမ်အပြန် လက်ဆောင်အဖြစ်ဝယ်ယူလျက်ရှိကြောင်း၊ ကျောက်ဆည်ဒေသထွက် သရက်သီးများကို လူကြိုက်များသောကြောင့်အရောင်းသွက်လျက်ရှိကြောင်း သရက်သီးရောင်းချသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News