Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာ၊ ပဲမျိုးစုံနှင့် ရေထွက်ကုန် ဈေးနှုန်းဈေးကွက်

Last Updated:

၂၀၂၅ မေ ၁၅ တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၂၉၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(အသစ်) ကျပ် ၁၁၄၀၀၀၊ မတ်ပဲ ကျပ် ၉၇၈၀၀၊ ပဲလွန်းဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုတ်(အသစ်) ကျပ် ၁၁၂၀၀၀၊ မြေပဲ ၁၈၀၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၆၅၀၀၊ ငါးခုံးမ ကျပ် ၅၇၀၀၊ ငါးကြင်း ကျပ် ၉၀၀၀၊ တီလားဗီးယား ကျပ် ၁၂၅၀၀၊ ပလာတူး ကျပ် ၅၅၀၀၊ ပလာလန်း ကျပ် ၆၂၀၀၊ ရွှေငါး ကျပ် ၅၅၀၀၊ ငါးကွန်းရှပ် ကျပ် ၁၆၀၀၀၊ ငါးရွေးကြီး ကျပ် ၁၂၅၀၀၊ ငါးပျက် ကျပ် ၈၅၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) အကြီး ကျပ် ၉၄၀၀၀ ၊ ရေချိုပုဇွန်ထုပ်(စိမ်း) အလတ် ကျပ် ၇၅၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အငယ် ကျပ် ၅၅၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။

​မေလ ၈ ရက်နှင့် ‌ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား)တစ်​ပေါင်လျင်‌ ၁၃၀ ကျပ် ဈေးတက်နေ​ကြောင်း၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် ပဲတီစိမ်းတစ်တင်း ၁၂၀၀၀ ကျပ်၊ စျေးတက်နေပြီး ကျန်ပဲများအားလုံးစျေးနှုန်းမပြောင်းဘဲ တည်ငြိမ်​နေ​ကြောင်း၊ ရေထွက်ကုန်နှင့် ရေချို ပုဇွန်ထုပ်များလည်း အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် အတက်/အကျ ဖြစ်ပေါ်နေ​ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News