မေလ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှ ထွက်ရှိသည့် မြေပဲဆန်များဝင်ရောက်မှုရှိနေပြီး၊ ယခုလတ်တလောတွင်မြေပဲဆီကို စားသုံးမှုပိုလာခြင်းတို့ကြောင့် ဆီစက်များမှ ကြိတ်ခွဲမှုများလာပြီး အဝယ်လိုက်လာကြောင်း၊ မြေပဲလက်နည်းလာခြင်းကြောင့် အရောင်းအဝယ်သွက်၊ ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။
S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၈၀၀ မှ ၁၀၂၀၀၊ ယခင်တစ်ပတ် ကျပ် ၉၈၀၀မှ ၁၀၀၀၀၊ ယခင်လတစ်ပတ် ကျပ် ၈၆၀၀ မှ ၈၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ်၊ ယခင်လထက် ကျပ် ၂၀၀ မှ ၁၅၀၀ ခန့်မြင့်တက်လာသည်။ S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၁၀၀ မှ ၉၅၀၀၊ ယခင်တစ်ပတ် ကျပ် ၉၃၀၀ မှ ၉၆၀၀၊ ယခင်လတစ်ပတ် ကျပ် ၈၂၀၀ မှ ၈၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၉၀၀ မှ ၁၂၀၀ ခန့်မြင့်တက်လာသည်။
အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၆၀၀ မှ ၈၈၀၀၊ ယခင်တစ်ပတ် ကျပ် ၈၆၀၀ မှ ၈၇၀၀၊ ယခင်လတစ်ပတ် ကျပ် ၇၉၀၀ မှ ၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၊ ယခင်လထက် ကျပ် ၇၀၀ မှ ၈၀၀ ခန့်မြင့်တက်လာသည်။ အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၄၅၀ မှ ၈၅၅၀၊ ယခင်တစ်ပတ် ကျပ် ၈၁၀၀မှ ၈၂၀၀၊ ယခင်လတစ်ပတ် ကျပ် ၇၅၀၀မှ ၇၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀၊ ယခင်လထက် ကျပ် ၈၅၀ မှ ၉၅၀ ခန့်မြင့်တက်လာခဲ့သည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး