International News

ဥ‌ရောပကုန်သည်ကြီးများအသင်းက ဗီယက်နမ်နိုင်ငံ၏တည်ငြိမ်သော စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိနေ

Last Updated:

ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham)က ဗီယက်နမ်၏ တည်ငြိမ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံရှိ ဗီယက်နမ်သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့်အခမ်းအနားတွင် ဘယ်လ်ဂျီယံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Van Thao က ဗီယက်နမ်နှင့် ဥရောပသမဂ္ဂအကြား အစိမ်းရောင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နယ်ပယ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။

သံအမတ်ကြီးက ဗီယက်နမ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် EuroCham တို့၏ ပူး‌ပေါင်း ‌ဆောင်ရွက်မှုကို တန်ဖိုးထားပါကြောင်းနှင့် EuroCham ၏ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်မှုသည် ဗီယက်နမ်နိုင်ငံ၏ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်မှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို တုန့်ပြန်ရန် အားထုတ်မှုတို့တွင် အရေးပါသည့် ပါဝင်မှုကို ပြုလုပ်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ တရားမဝင်၊ အစီရင်ခံစာမတင်၊ စည်းမျဉ်းနှင့် မကိုက်ညီဘဲ ငါးဖမ်းခြင်းများနှင့်ပတ်သက်၍ ဥ‌ရောပကော်မရှင်က ဗီယက်နမ်ပင်လယ်စာများကို အဝါကဒ်ပြ သတိပေးထားခြင်းကို ပယ်ဖျက်ပေးစေရေးအတွက် တိုက်တွန်းပြောကြားပေးရန် သံအမတ်ကြီးက EuroCham ကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Just Energy Transition Partneiship(JETP)အတွက် သံအမတ်ကြီးသည် ဗီယက်နမ် တွင် JETP ကို အားပေးမြှင့်တင်ရာတွင် EuroCham ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး ပူးပေါင်း‌ဆောင်ရွက်မှုကို ထိရောက်စွာ အကောင်အထည်‌ဖော်ရေးအတွက် EuroCham က အနီးကပ်ပူးပေါင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

EuroCham ၏ ဥက္ကဌ  Dominik Meicble က ဆွေးနွေးပွဲသည် လက်ရှိအနာဂတ်တွင် EuroCham နှင့် ဗီယက်နမ်မိတ်ဖက်များအကြား စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်‌ရေးကို အာရုံစိုက်အသားပေးဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Meicble က ဥရောပကော်မရှင်နှင့် အစည်းအဝေးများအတွင်း ဗီယက်နမ်ပင်လယ်စာများကို အဝါကဒ်ပြ သတိပေးထားခြင်းကို ပယ်ဖျက်ရန် စဉ်းစားပေးရန်အတွက် တောင်းဆိုကြောင်းနှင့်် EurCham က ထုတ်ပြန်သည့် စီးပွားရေးယုံကြည်ချက်အညွှန်းကလည်း ၎င်းတို့၏ အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်အခွင့်အလမ်းများ သယ်ဆောင်လာနိုင်မှုအပေါ် အကောင်းမြင်ချက်ရှိသည်ကိုပြသကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ ကောင်းမွန်စွာလေ့ကျင့်သင်ကြားထားသော လုပ်သားအင်အားနှင့် အစိုးရနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များအကြား ပွင့်လင်းမြင်သာမှုရှိခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးမြင်ကွင်းမှာ အလားအလာကောင်းနေကြောင်း သိရပါသည်။ Miechle က ဗီယက်နမ်နိုင်ငံကို ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ သင့်လျော်သည့်အဆင့်တွင် ထိန်းထားရန်၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပိုင်ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ရန် အကြံပြုခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News