Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက်နှင့် ပျားရည်ဈေးနှုန်း

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ်လက်စားသမားလေးများလည်း ရှိပါသည်။ လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကို အမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက်ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။
နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက်ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်နှုန်း၊ (၁၀) ကျပ်သားခန့် တစ်ပြားလျှင် (၁၂၀၀) ကျပ်နှင့် (၅) ကျပ်သားခန့် တစ်ပြားလျှင် (၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀) ကျပ်သားဝင် တစ်ပုလင်းကို (၁၈၀၀၀) ကျပ်၊ ပျားရည် (၂၀) ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို (၉၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆောင်းဦးပေါက်ရာသီဖြစ်၍ ပန်းမျိုးစုံပွင့်သည့်အတွက် ပျားသလက်၊ ပျားရည်ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားရည်ရောင်းချသူထံမှ သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News