Local News

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း နှံကားစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း နှံကားစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကလျာက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက နှံကားစပါးတင်းရေ ၅၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း နှံကားစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ စပါးအမျိုးအစားသည် စားသုံးမှုများသည့် စပါးအမျိုးအစားဖြစ်ကြောင်းသိရသည်။ “ပြီးခဲ့တစ်လအတွင်း နှံကားစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဝါးခယ်မမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ နှံကားစပါးအမျိုးအစားကအကြမ်း အုပ်စုထဲမှာပါတဲ့စပါးအမျိုးစားဖြစ်ပါတယ်။ လက်ရှိစပါးဈေးက ပုံမှန်အခြေအနေမှာရှိနေပါတယ်။ နှံကားစပါးကို ရန်ကုန်ဈေးကွက်က အခုလထဲမှာအများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ တင်ပို့ရောင်းချတဲ့အခါမှာလဲ အခက်အခဲမရှိပါဘူး” ဟု ဒေါ်ကလျာကပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်လအတွင်း နှံကားစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့သည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများနှင့် ကုန်တင်ယာဉ်အငှားလိုက်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိအဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News