ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးမုတ်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးမုတ်ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငါးမုတ်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း၊ အဆိုပါ ငါးမုတ်များကို ပြည်တွင်းဈေးကွက်က ဝယ်ယူမှု များပြားလာခြင်းကြောင့် တင်ပို့မှုအားကောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ဖျားပုံမြို့နယ်မှ ရေထွက်ကုန်တွေထဲမှာ ငါးမုတ်တွေ ပိုမိုတင်ပို့ရောင်းချအား ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးမုတ်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာက ငါးမုတ်တွေ အဝယ်လိုက်လာလို့ တင်ပို့အား တက်ခဲ့တာပါ။ ဒေသပွဲရုံတွေဆီ ငါးမုတ်တွေပုံမှန် ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီ ဝင်လာတဲ့ ငါးမုတ်တွေကလဲ လတ်ဆက်မှုရှိပါတယ်။ တင်ပို့မှု အားကောင်းလာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်သူတွေ အဆင်ပြေနေတာတွေ့ရပါတယ်။ ဒီဘက်ဒေသက ထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး လက်ရှိငါးမုတ်တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ