Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ ကျွဲကောသီး ဈေးနှုန်းအခြေအနေ

Last Updated:

မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများ ဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု မတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ ကီလိုအထက် ၅၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ ကီလို ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ ကီလို ၂၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး အဆိုပါ ကျွဲကောသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာ ဆိုင်များနှင့် ရန်ကုန်၊ မကွေးနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News