Local News

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း မတ်လတွင် ဈေးနှုန်းအနည်းငယ်ကျဆင်း

Last Updated:

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခုမတ်လတွင် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၆၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၇၅၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၁၉၅၀၀ ကျပ်ဖြစ်သည်။အဆိုပါ ကွမ်းသီးဈေးနှုန်းများမှာ ယခင် (ဇန်နဝါရီလ)တွင် မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုမတ်လနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း ကွမ်းသီးရောင်းဝယ် သူများထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News