ပြည်တွင်းစားဆီစျေးကွက်တွင်အဓိကစားသုံးသောဆီများမှာ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စားအုန်းဆီတို့ဖြစ်ပြီး၊နေကြာဆီမှာကျန်းမာရေးနှင့်ညီညွှတ်သည့် စားသုံး ဆီ တစ်မျိုးဖြစ်ပါတယ်။နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသကဲ့သို့ နေကြာစေ့များအား လှော်၍သရေစာအဖြစ်စားသုံး ကြောင်းသိရပါတယ်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင်အများအပြားစိုက်ပျိုးပါတယ်။ဆီထွက်သီးနှံများအဓိကစိုက်ပျိုးသည့်မန္တလေး တိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့်ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးနေကြာစိုက်ပျိုးမှု ၄၁၇၄၉ ဧက၊ ရိတ်သိမ်းမှု၃၀၂၅၃ ဧက၊အထွက် ၂၃.၈၅ တင်းနှုန်းနှင့်အထွက် ၇၂၁၄၃၉ တင်းဖြစ်ကြောင်းသိရပါတယ်။နေကြာဆီသည် ကျန်းမာရေးအရ စားသင့်သည့်မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။နိုင်ငံတော်မှဆီထွက်သီးနှံဇုန်များသတ် မှတ်ပြီး၊ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံတို့အား ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုး နိုင်ရေးတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။မြေပဲ၊နှမ်းနှင့်နေကြာဆီထွက်သီးနှံ များအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှု ရှိစေရန်နှင့် စားအုန်းဆီတင်သွင်းမှုလျော့ ချနိုင်ရန်နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းဖြင့် ဆီစက်များတိုးချဲ့ကြိတ်ခွဲနိုင်ရန် ကူညီပံ့ပိုးဆောင် ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက် စျေးမှာ ၃တင်းဝင်(၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၅၀၀၀ဝိ/- နှင့် ၁၆၀၀၀ဝိ/-၊ တစ်ပိဿာ လျှင် ၅၅၅၆ ကျပ်နှင့် ၅၉၂၆ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၃၃၀ဝိ/-တို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ၃တင်းတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ တစ် ပိဿာလျှင် ၃၇၀၄ ကျပ်ဖြစ်ပြီး၊ယခုနှစ်စျေးမှာ တစ်ပိဿာလျှင် ၂၂၂၂ကျပ် စျေးပိုရရှိကြောင်း သိရပါတယ်။ ဆီနေကြာသီးနှံ ဝင်ရောက်မှုအပေါ်မှုတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိနိုင်ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်အတွင်းနေကြာစားဆီ တစ်ပိဿာလျှင်၁၄၀၀ဝိ/-နှင့်၁၄၅၀ဝိ/-စျေးဖြစ် ပေါ်လျက်ရှိကြောင်း သိရပါတယ်။
Source: https://www.doca.gov.mm