ပူပြင်းသောနွေရာသီကာလကိုအမှီပြု၍ မြင်းခြံမြို့နှင့် ၂ မိုင်ခန့်အကွာ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်ကျေးရွာတို့တွင် ကြံပင်များစိုက်ပျိုးထားကြပါသည်။ ကြံပင်တွင် အဖြူမျိုး ၊ အနီမျိုး ၊ အဝါမျိုး(ကျောက်စိမ်း)မျိုးဟူ၍ (၃) မျိုးရှိပါကြောင်း ဒေသအနေဖြင့် အဝါမျိုး(ကျောက်စိမ်းမျိုး ကိုသာ အများဆုံးစိုက်ပျိုးထားကြောင်းသိရသည်။ အဝါမျိုး(ကျောက်စိမ်း) မျိုးသည် ခုတ်ပြီးရက် (၂၀) ကြာသည့်တိုင် ကြံရည်ခမ်းခြောက်မှုမရှိဘဲ သောက်သုံးရာမှာလည်း ကျန်သောမျိုးများထက် အရသာထူးကဲမှုရှိသည့်အတွက် ညောင်လေးပင် ၊ တောင်ငူမြို့နယ်များထိတိုင် ကုန်စည်စီးဆင်း မှုရှိကြောင်းသိရသည်။ ညောင်လေးပင် ၊ တောင်ငူမြို့နယ်များတွင်လည်း ကြံစိုက်ပျိုးမှုရှိသော် လည်း ၎င်းဒေသများတွင် ကြံအဖြူမျိုးကိုသာ စိုက်ပျိုး၍ရကြောင်း ကြံများကိုနယ်အနှံ့ရောင်းချ သူတစ်ဦး ထံမှသိရသည်။ ဒေသစိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်လတို့တွင်စိုက်ပျိုးပြီး နတ်တော်၊ ပြာသိုလများတွင် ကြံပင်များကိုခုတ်ပြီး အတိုအရှည်ခွဲ၍ သုံးတောင်ထွာ ၁၀ ချောင်းစီး(၁)စီးဆို လျှင်ကျပ် ၆၀၀၀/- ဈေးရှိကြောင်း ယခု ကျပ် ၈၅၀၀/- ယခင်နှစ်တွင် ကျပ် ၅၅၀၀/- ရှိပါကြောင်း လေးတောင်ထွာ (၁၀) ချောင်းစီး (၁) စီးဆိုလျှင် ကျပ် ၈၀၀၀/- ယခုကျပ် ၁၂၀၀၀ ယခင်နှစ်တွင် ကျပ် ၈၀၀၀/- ဈေးရှိပါကြောင်း တန်ခူးလဆိုလျှင်မြင်းခြံဒေသကြံရာသီကုန်တော့မည်ကိုလည်း သိရ သည်။ ကြံစိုက်ပျိုးမှုသည် စိုက်ပျိုးသူ ရောင်းချသူ တွက်ချေကိုက်သော သီးနှံတစ်မျိုးလဲဖြစ်ကြောင်း ကြံစိုက်ပျိုးသူ(၁)ဦးထံ မှသိရသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ချောက်၊ တောင်ငူမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ သုံးတောင်ထွာ ကြံတစ်ချောင်း ကို ကြံရည်ကြိတ်ခုံတင်ပါက ကြံရည် ၂ ခွက်ခွဲ သို့မဟုတ် ၃ ခွက်ရရှိကြောင်း လေးတောင်ထွာ ကြံ တစ်ချောင်းကို ကြံရည်ကြိတ်ခုံတင်ပါက ၃ ခွက် သို့မဟုတ် ၄ ခွက် ရရှိပြီး ကြံရည်တစ်ခွက်ရောင်း ဈေးအနေဖြင့် ၀.၅ လီတာ (၁) ခွက်လျှင် ကျပ် ၁၀၀၀ ရောင်းချလျက်ရှိကြောင်းသိရသည်။
Source: https://www.doca.gov.mm