Local News

ပခုက္ကူဈေးကွက်သို့ ကြက်သွန်ဖြူ(အသစ်)များ ဝင်ရောက်၍ ဈေးကျဆင်း အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လ (ပထမ)ပတ်တွင် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ကြက်သွန်ဖြူ သီးနှံကို ပြည်တွင်းဒေသထွက်အပြင် စားသုံးမှုမလုံလောက်၍ ပြည်ပနိုင်ငံများမှလည်း ဝယ်ယူ တင်သွင်းလျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံးစိုက်ပျိုး စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပခုက္ကူဈေးကွက်သို့  ကြက်သွန်ဖြူ(အသစ်)များဝင်ရောက်ပြီး ဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရ သည်။

ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမ)ပတ်တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၈၀၀၀)၊ ကြူကုတ်(ရှမ်းပြည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀-၉၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဖေဖော်ဝါရီ (ပထမ)ပတ်တွင် ဗမာကြက်သွန်ဖြူ အလုံး အကြီးအသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀-၈၀၀၀)၊ ကြူကုတ်(ရှမ်းပြည်) တစ်ပိဿာလျှင် ကျပ်(၂၁၀၀၀-၉၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်ဖေဖော်ဝါရီလ(ပထမ)ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ကြက်သွန်ဖြူ သီးနှံ(အသစ်)များဈေးကွက်သို့ ဝင်ရောက်မှုများ၍ ဈေးကျဆင်းကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News