Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

     တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်အပိုင်းတွင် ယခင်အပတ်ထက်သစ်ခေါက် (၁၅.၈) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံအဟောင်း (၂၄) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် ဘူးခွံအဟောင်း (၂၈) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းလျော့နည်းတင်ပို့ခဲ့ သော်လည်းပြောင်း (၈၆၀.၅၄၉) တန်၊ တန်ဖိုး (၀.၂၅၉)ဒေါ်လာသန်း၊ရာဘာစေး (၂၀) တန်၊ တန်ဖိုး (၀.၀၂) ဒေါ်လာသန်း၊ ဇီးသီးစေ့ (၁၄) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ပုဇွန်ဖွဲ (၈၅) တန်၊ တန်ဖိုး(၀.၀၃၉) ဒေါ်လာသန်း၊ ကြေးနီ (copper)(၂၂၉) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်းနှင့် ကတ္ထူစက္ကူအဟောင်း (၆၄) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း ပိုမိုတင်ပို့ခဲ့သောကြောင့် ပို့ကုန်ပိုမိုရခြင်းဖြစ်ပါသည်။ တာချီလိတ်ငွေလဲနှုန်းအနေဖြင့် ကျပ်ငွေ (၁) သိန်းလျှင်  (၁၁၇၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။ တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် သွင်းကုန်ပိုင်းတွင် ယခင်အပတ်ထက်ဘိလပ်မြေ၊ လယ်ထွန်စက်များ၊ တွင်းထွက် (သတ္ထုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြားနှင့် အားကစားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓါတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ သံနှင့် သံမဏိပစ္စည်းများ၊ သတ္ထုကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ချည်ထည်များ၊ အလှကုန်ပစ္စည်းမျိုးစုံ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများလျော့နည်းတင်သွင်းခဲ့သောကြောင့် သွင်းကုန်တန်ဖိုး လျော့နည်းရခြင်းဖြစ်သည်။

Source: https://commerce.gov.mm
 

Category: Local News