International News

ဖိလစ်ပိုင် သကြားတန်ချိန် တစ်သိန်းခွဲအထိ တင်သွင်းရန် သမ္မတ အတည်ပြု

Last Updated:

      ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြည်တွင်းစျေးနှုန်းများ တည်ငြိမ်စေရန်နှင့် ပြတ်လပ်မှုမပေါ်ပေါက်စေရန်အတွက် သကြားတန်ချိန် ၁၅၀,၀၀၀ အထိ တင်သွင်းရန် တနင်္လာနေ့ (မေ ၁၅) တွင် အတည်ပြု‌ပေးခဲ့သည်။ "စျေးနှုန်းတည်ငြိမ်ဖို့အတွက် သကြားထပ်တိုးတင်သွင်းဖို့ သဘောတူညီခဲ့ပါတယ်။ အများဆုံးပမာဏကတော့ မက်ထရစ်တန်ချိန် တစ်သိန်းခွဲ ဖြစ်ပေမယ့် အဲဒီထက်နည်းပါလိမ့်မယ်" ဟု သမ္မတက ပြောကြားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

      သန့်စင်ပြီး သကြားတန်ချိန် ၄၄၀,၀၀၀ အထိ တင်သွင်းရန် အစိုးရက ကြိုးပမ်းနေသည်ဟု အစိုးရမှ ပြောကြားပြီး သုံးလအကြာတွင် ယခု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ထိုင်းသကြားကို များသောအားဖြင့် တင်သွင်းလေ့ရှိသည်။ Sugar Regulatory Administration (SRA) က ပြည်တွင်း သကြားဖူလုံရန် တန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအထိ တင်သွင်းရန် လိုအပ်မည်ဟု ခန့်မှန်းထားသည်။

Source: https://www.foodindustrydirectory.com.mm
 

Category: International News