Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများအနည်းငယ်ကျဆင်းမှုအခြေအနေ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၀.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် (၉၀၀၀ဝ)ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် (၇၀၀၀ဝ)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၁၃၀၀၀ဝ)ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် (၅၅၀၀ဝ)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် (၅၃၀၀ဝ) ကျပ်နှင့် ဖွဲနုတစ်အိတ် (၁၅၀၀ဝ) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၇.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) (ဟောင်း) တစ်အိတ် (၈၈၀၀ဝ)ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် (၆၈၀၀ဝ) ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၁၂၈၀၀ဝ)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် (၅၂၀၀ဝ)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် (၅၀၀၀ဝ)ကျပ် နှင့် ဖွဲနုတစ်အိတ် (၁၃၂၀ဝ)ကျပ်တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် (၂၀၀ဝ)ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် (၂၀၀ဝ)ကျပ်၊ ဆန်ကွဲ B (1,2) တစ် အိတ် (၃၀၀ဝ)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် (၃၀၀ဝ)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၈၀ဝ) ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်း ကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News