Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်များ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း ပဲမျိုးစုံ တစ်ပိဿာဈေးနှုန်းများမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၃၀၀၀ ကျပ်၊ ပဲပုပ် ၂၉၀၀ ကျပ်၊ ပဲလွန်းမဲ ၂၉၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၃၁၅၀ ကျပ်၊ မတ်ပဲ ၄၅၀၀ ကျပ်၊ ပဲနောက် ၃၀၀၀ ကျပ်၊ မြေပဲဆံ ၇၁၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်နှင့် တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း)နှင့် ကမ်းနားလမ်းရှိ ရွှေထူးပွဲရုံတို့မှ သိရှိရပါသည်။ မေလ ဒုတိယပတ်အတွင်း ပဲမျိုးစုံ တစ်ပိဿာဈေးနှုန်းများမှာ ပဲဖြူလေး ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၈၀၀ ကျပ်၊ ပဲပုပ် ၂၈၀၀ ကျပ်၊ ပဲလွန်းမဲ ၂၈၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၃၅၀၀ ကျပ်၊ မတ်ပဲ ၄၅၀၀ ကျပ်၊ ပဲနောက် ၂၉၀၀ ကျပ်၊ မြေပဲဆံ ၇၂၅၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်နှင့် တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းရှိသောကြောင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲလွန်းမဲနှင့် ပဲနောက် ဈေးနှုန်းများ အနည်းငယ်တက်လာပြီး ပဲတီစိမ်းရွှေဝါနှင့် မြေပဲဆံ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကာ ပဲဖြူလေး၊ မတ်ပဲနှင့် နှမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စုံစမ်းမှုများအရ သိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News