Local News

မြေပဲလုံးဆံနီစျေးကျသော်လည်း မြေပဲလုံးဆံဖြူစျေးတက်လာမှုအခြေအနေ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ ‌အရောင်းအဝယ် ဖြစ်နေပါသည်။ သင်္ကြန်ပြီးနောက်ပိုင်း ဧပြီလကုန်ပိုင်းမှစ၍ မြေပဲဆံနီစျေးမှာ ယခုလက်ရှိတွင် တရုတ်ဝယ် လိုအားနည်း၍ စျေးကျဆင်းလာပြီး စျေးကွက်ထဲတွင် အရောင်းအဝယ် မရှိသလောက်ဖြစ်နေကာ မြေပဲလုံးဆံဖြူစျေးကတော့ ပြည်တွင်းဆီကြိတ် လုပ်ငန်းရှင်များနှင့် မြေပဲလှော်၊ မြေပဲကြော်၊ မြေပဲယိုလုပ်ငန်းရှင်များမှ ပုံမှန်အဝယ်ရှိနေတဲ့အတွက် တစ်ဖြေးဖြေး တက်ရိပ်ပြလာကြောင်း သိရှိရသည်။ 
ဧပြီလကုန်ပိုင်း မြေပဲလုံးဆံနီစျေးမှာ တစ်ပိဿာလျှင် ကျပ်(၇၆၀၀)၊ (၇၅၀၀)၊ (၇၃၀၀)၊ (၇၂၀၀)၊ (၇၁၀၀) စျေးသို့ တစ်ဖြေးဖြေးကျဆင်းလာပြီး မြေပဲလုံးဆံဖြူစျေးမှာ တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ (၆၇၀၀)၊ (၆၈၀၀)၊ (၆၈၅၀)၊ (၆၉၀၀)၊ (၆၉၅၀)စျေးအထိ ရက်အလိုက် အနည်းငယ် မြင့်တက်လာသည်။ စျေးကွက်ထဲသို့ တစ်ရက်လျှင် မြေပဲလုံးဆံဖြူ  တင်း (၃၀၀) မှ (၅၀၀) ကြား ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News