Local News

တစ်ပတ်အတွင်း စျေးနှုန်းစျေးကွက်အခြေအနေ

Last Updated:

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ နှမ်း၊ ပြောင်းနှင့် မြေပဲဆံတို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေပြီး စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီနှင့်မကျည်းသီးတို့လည်း အရောင်းအဝယ် ဖြစ်နေပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံစျေးနှုန်းများအနေဖြင့် ပဲမျိုးစုံစျေးနှုန်းမှာ အတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီနှင့် မန်ကျည်းသီး စျေးတို့မှာ အကျစျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ပြည်ပဝယ်လို အားရှိသည့်အတွက် အနည်းငယ်မြင့်တက်ခဲ့ကာ ပဲထောပတ်စျေးမှာလည်း ယခင်တစ်ပတ်ထက် အနည်းငယ်မြင့် တက်လာသည်။ ကုလားပဲအုပ်စုမှာ ပြည်တွင်းစားသုံးမှုရှိနေသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် သီးနှံဖြစ်ပါသည်။ 
ယခင်တစ်ပတ်၏ သီးနှံစျေးများမှာ ပဲစင်းငုံနီတစ်တင်း ကျပ်(၁၂၉၀၀၀)၊ ပဲတီစိမ်း တစ်တင်း ကျပ်(၆၀၀၀၀)၊ ပဲထောပတ်တစ်တင်း ကျပ်(၁၀၄၅၀၀)၊ ကုလားပဲတစ်တင်း ကျပ် (၇၇၈၀၀)၊ စီပီပြောင်း တစ်တင်း ကျပ်(၁၇၀၀၀)၊ ကြက်သွန်နီ တစ်ပိဿာ ကျပ်(၂၀၅၀)၊ မန်ကျည်းတောင့် တစ်ပိဿာ ကျပ် (၂၇၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
ယခုတစ်ပတ်၏ သီးနှံစျေးများမှာ ပဲစင်းငုံနီတစ်တင်း ကျပ်(၁၃၅၆၀၀)၊ ပဲတီစိမ်းတစ်တင်း ကျပ် (၆၂၀၀၀)၊ ပဲထောပတ်တစ်တင်း ကျပ်(၁၂၀၀၀၀)၊ ကုလားပဲတစ်တင်း ကျပ်(၇၉၀၀၀)၊ စီပီပြောင်း တစ်တင်း ကျပ်(၁၇၇၀၀)၊ ကြက်သွန်နီတစ်ပိဿာ ကျပ်(၂၀၀၀)၊ မန်ကျည်းတောင့် တစ်ပိဿာ ကျပ် (၂၅၈၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်တစ်ပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ်(၆၆၀၀)၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၂၀၀၀)၊ ပဲထောပတ် တစ်တင်းလျှင် ကျပ် (၁၅၅၀၀)၊ ကုလားပဲတစ်တင်းလျှင် ကျပ်(၁၂၀၀)၊ စီပီပြောင်းတစ်တင်းလျှင် ကျပ်(၇၀၀) စသည်ဖြင့် စျေးအနည်းငယ် တက်ခဲ့ပြီး ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀)၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ်(၁၂၀)တို့ စျေးကျကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News