Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ရေထွက်ပစ္စည်းဈေးနှုန်းများ

Last Updated:

ငါးခြောက်/ပုစွန်ခြောက်
မော်လမြိုင်ကုန်စည်ဒိုင်၏ မေလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ရေထွက်ပစ္စည်း ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အကြီး) တစ်ပိဿာ (၄၅၀၀၀)ကျပ်၊ ငါးနှပ်ခြောက် (အလတ်) တစ်ပိဿာ (၃၅၀၀၀)ကျပ်၊ ငါးနှပ်ခြောက်(အသေး) တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိဿာ အမြင့်ဆုံးဈေး (၄၂၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေး (၃၆၀၀၀)ကျပ်၊ ငါးကွမ်းရှပ်ခြောက် (အ လတ်) တစ်ပိဿာ အမြင့်ဆုံးဈေး (၃၅၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေး (၃၁၀၀၀)ကျပ်၊ ငါးကွမ်းရှပ် ခြောက် (အသေး)တစ်ပိဿာ အမြင့်ဆုံးဈေး (၂၉၀၀၀)ကျပ်၊ ငါးကြံရွက်(အကြီး) တစ်ပိဿာ  (၁၇၀၀၀) ကျပ်၊ ငါးကြံရွက်(အသေး)တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ပုစွန်ခြောက်ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) တစ်ပိဿာ (၇၀၀၀၀)ကျပ်၊ ပုစွန်ခြောက်(အလတ်)တစ်ပိဿာ (၆၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(အသေး) တစ်ပိဿာ (၄၅၀၀၀)ကျပ်တို့ဖြစ်ပြီး ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ငါးခြောက်ဈေးနှုန်းမှာအနည်းငယ်တက်၍ ပုစွန်ခြောက် ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး  
 

Category: Local News