Local News

ပဲမျိုးစုံနှင့် စားဖိုဆောင်သုံး ဈေးနှုန်းများ

Last Updated:

ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ ကျပ် ၃၁၂၅၀၀၀၊ ပဲစင်းငုံ ကျပ် ၄၀၆၅၀၀၀၊ ပဲတီရွှေဝါ ကျပ် ၂၃၄၅၅၀၀၊ ထောပတ်ပဲ ကျပ် ၃၁၄၁၆၀၀၊  ပဲတီစိမ်း ကျပ် ၁၉၉၀၃၀၀၊ ပဲလွန်းဖြူကျပ် ၂၀၉၄၄၀၀၊ ပဲလွန်းနီကျပ် ၁၉၄၁၃၀၀၊ ဘိုကိတ်ပဲကျပ် ၂၀၉၅၄၀၀၊ ပဲပုပ်ကျပ် ၁၉၄၁၃၀၀၊ ကုလားပဲ ကျပ် ၂၇၅၅၈၀၀၊ စွန်တာနီ/ ပြာ ကျပ် ၁၉၇၁၉၀၀ နှင့် ပဲကြီး ကျပ် ၃၄၆၉၂၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ ကျပ် ၃၅၀၀၀နှင့် ကုလားပဲ ကျပ် ၄၉၀၀၀ ဈေးကျဆင်းခဲ့ပြီး ပဲစင်းငုံ ကျပ် ၂၅၀၀၀၊ ထောပတ်ပဲ ကျပ် ၁၅၉၂၀၀၊ ပဲပုပ် ကျပ် ၄၉၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကျန်ပဲများမှာ ဈေးငြိမ်လျက်ရှိပါသည်။

စားဖိုဆောင်သီးနှံများ၏ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြက်သွန်နီကျပ် ၂၄၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) ကျပ် ၁၂၀၀၀၊ ကြက်သွန်ဖြူ(ရှမ်းစ) ကျပ် ၇၅၀၀၊ ငရုတ်ပု ကျပ် ၁၂၅၀၀ နှင့် ငရုတ်ရှည် ကျပ် ၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီ ကျပ် ၃၀၀ နှင့် ကြက်သွန်ဖြူ(ကြူကုတ်) ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကြက်သွန်ဖြူ (ရှမ်းစ) ကျပ် ၁၀၀၀ ဈေးမြင့် တက်ခဲ့ပြီး ကျန်သီးနှံများမှာ ဈေးငြိမ်လျက်ရှိသည်။

Source:  ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News