Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖူးစားပြောင်း အဖူးရေ ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖူးစားပြောင်းအဖူးရေ ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်၌ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးခိုင်၏ ပြောဆိုချက်အရ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ တာကာလအတွင်း ဖူးစားပြောင်း အဖူးရေ   ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

ကျိုက်လတ်မြို့နယ်မှ လယ်ယာထွက် ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသထွက်ဖူးစားပြောင်းများကိုဝယ်ယူပြီး ကုန်တင်ယာဉ်များဖြင့် ရန်ကုန်ဈေးကွက်သို့   ပြန်လည်ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပိုးမွှားကင်းရှင်းပြီး အဖူးရေ ၁၀၀၀ လျှင် ငွေကျပ် ၂၈၀၀၀၀ မှ ၃၄၀၀၀၀ အထိ ဈေးရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News