International News

ထိုင်းနိုင်ငံ Thailand Future Exchange (TFEX) က ရာဘာရည်ညွှန်းဈေးစံနှုန်းသတ်မှတ်ရန် ဆောင် ရွက်လျက်ရှိ

Last Updated:

ပြည်တွင်းနှင့် ပြည်ပသို့ ရာဘာကုန်သွယ်မှုဆောင်ရွက်လျက်ရှိသော ရာဘာကုန်သည်များ အတွက် ရာဘာရည်ညွှန်းဈေးစံနှုန်းသတ်မှတ်နိုင်ရန် Thailand Future Exchange (TFEX) နှင့် ထိုင်း ရာဘာအာဏာပိုင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ရာဘာရည်ညွှန်းဈေးနှုန်းကို ထိုင်းနိုင်ငံအတွက် ရည်ရွယ်၍ စတင်ခဲ့ပြီး ရာဘာနှင့် ဆက်စပ် စက်မှုလုပ်ငန်းများ အကျိုးရှိစေရန်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးနှုန်းများကို ပြည်တွင်းသာမက ပြည်ပသို့ ကုန်သွယ်မှုများတွင်လည်း ကျယ်ကျယ်ပြန့်ပြန်အသုံးပြုနိုင်ရန် မျှော်မှန်းထားပါကြောင်း၊ ထိုင်းစတော့ အိတ်ချိန်း၏ ယူနစ်ခွဲတစ်ခုဖြစ်သော TFEX က ဈေးနှုန်းများကို တွက်ချက်၍ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူသို့ ထုတ်ပြန်သွားရန် စီစဉ်ထားပါကြောင်း၊ ရာဘာရည်ညွှန်းဈေးနှုန်းကိုလည်း ဥရောပ သမဂ္ဂ သစ်တော်ပြုန်းတီးမှုကင်းလွတ်စေရေး လုပ်ထုံးလုပ်နည်းနှင့်လည်း ကိုက်ညီနိုင်စေရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း TFEX ၏ မန်းနေးဂျင်းဒါရိုက်တာ Ms. Rinjai Chakornpipat က ပြော ကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးရာဘာထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပို့ကုန်စာချုပ်များ ချုပ်ဆို ရာတွင် နိုင်ငံတကာရာဘာရည်ညွှန်းဈေးနှုန်းကိုသာ မှီတည်နေရပါကြောင်း၊ ပြည်တွင်း ရည်ညွှန်း ဈေး နှုန်း သတ်မှတ်ပြီးပါက ထိုင်းရာဘာတောင်သူများနှင့် ထုတ်လုပ်သူများအတွက် ကုန်ကျ စရိတ်ကို ကာမိစေမည်ဖြစ်ကြောင်း၊ ယင်းသို့သော ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ရခြင်းမှာ ရာဘာပို့ကုန် များ အတွက် စာချုပ်တန်ဖိုးဆုံးဖြတ်ရာတွင် အခြေခံအဖြစ် အသုံးပြုနိုင်ရန် ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုတွင် ထိုင်းရာဘာအသင်းအနေဖြင့် ကုန်သွယ်မှု ပမာဏ၊ ရာဘာအမျိုးအစားများ၏ အချက်အလက်များအပါအဝင် လိုအပ်သော အချက်အလက်များကို ဈေးကွက်မှ စုဆောင်းပေးမည် ဖြစ်ကြောင်း၊ ရာဘာကဏ္ဍရှိ ပူးပေါင်းဆောင်ရွက်သူများအကြား ယုံကြည်မှု တိုးမြှင့်စေရန် ဖြစ်ကြောင်း၊ ထိုင်းရာဘာရည်ညွှန်းဈေးနှုန်းသည် ထိုင်းနိုင်ငံကို ရာဘာထုတ်ကုန်အချက်အချာဖြစ်စေရန် ပံ့ပိုးပေး မည်ဖြစ်ပြီး ရာဘာတောင်သူများနှင့် ကုန်သည်များအကြား အကျိုးရှိစေခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းတည်ငြိမ်စေမည်ဖြစ်ကြောင်း ရာဘာအသင်း၏ ဥက္ကဋ္ဌ Mr. Nakorn Tangavirapat က သုံးသပ် ပြော ကြားခဲ့သည်။

ရာဘာရည်ညွှန်းဈေးနှုန်းကို နေ့စဉ် ၂ ကြိမ် တွက်ချက်ထုတ်ပြန်သွားရန် လျာထားကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News