Local News

ဧရာဝတီတိုင်း‌ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဆန်အမျိုးအစားသည် ဆန်ကြမ်းအုပ်စုတွင်ပါဝင်သည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။ “ဇန်နဝါရီလအတွင်း မော်လမြိုင်ကျွန်းမြို့နယ်ကနေ မနောသုခဆန် တင်းရေများများရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ မနောသုခဆန်အမျိုးအစားကို ရန်ကုန်ဈေးကွက်ကအခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ ဆန်အိတ်တွေကို ကုန်လမ်းကနေ အဓိကထားတင်ပို့ရောင်းချနေပါတယ်” ဟုမော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်၊စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၃၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News