International News

ဗီယက်နမ်ကော်ဖီတင်ပို့မှုတန်ဖိုးသည် ၂ လအတွင်း ၂၆.၂ ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

 ဗီယက်နမ်ကော်ဖီတင်ပို့မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ် ပထမနှစ်လတွင် ၂၆.၂ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ပို့ကုန်ပမာဏ ၂၈.၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ် သတင်း အေဂျင်စီက မတ်လ ၁၀ ရက်နေ့တွင်ပြောကြားခဲ့သည်။ ကိုးကားဖော်ပြသည့်ကာလ အတွင်း ဗီယက်နမ်နိုင်ငံသည် ကော်ဖီ တန်ချိန် ၂၈၄၀၀၀ တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၁.၅၈ ဘီလီယံ ရရှိခဲ့ကြောင်း ဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။ ကော်ဖီလုပ်ငန်းကို ထူးထူးခြားခြား ရလဒ်များရရှိအောင်ကူညီပေး သည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ပို့ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းပင်ဖြစ်သည်။ ဇန်နဝါရီ နှင့်ဖေဖော်ဝါရီလတွင် ပျမ်းမျှ ကော်ဖီစျေး သည် တစ်တန်လျှင် ၅၅၇၄.၅ ဒေါ်လာအထိ ‌ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဥ်ပါက ၇၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဗီယက်နမ်သည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှု ဒေါ်လာ ၆ ဘီလီယံအထိရည်မှန်းထားကြောင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: https://www.doca.gov.mm

Category: International News