International News

ဗီယက်နမ်သည် လျှပ်စစ်ကားဝယ်ယူသူများအားမှတ်ပုံတင်ခကို ၂၀၂၇ ခုနှစ်အစောပိုင်းအထိ ဆက်လက်ကင်းလွှတ်ခွင့်ပြုထား

Last Updated:

ဗီယက်နမ်နိုင်ငံသည် ဘတ်ထရီစွမ်းအင်သုံးလျှပ်စစ်ကားများအတွက် မှတ်ပုံတင်ခအား ဖေဖော်ဝါရီ ၂၈ ရက် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ကင်းလွတ်ခွင့်ပြုထားကြောင်း ဗီယက်နမ် သတင်း အေဂျင်စီက မတ်လ ၇ ရက်နေ့ကဖော်ပြခဲ့သည်။ အဆိုပါ လှုပ်ရှားမှုသည် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန်နှင့် ပိုမိုသန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်သည့် လျှပ်စစ်ကားများ အသုံးပြုမှုတွင်ကျယ်လာစေရန် လျှပ်စစ်ကားဝယ်ယူသုံးစွဲသူများအား ဆွဲဆောင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ကားများအား ပထမဆုံးမှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ ကင်းလွတ်ခွင့်အား အချိန်ကာလတိုးမြင့်ခြင်းသည် လျှပ်စစ်ကားအသုံးပြုသူများ ပိုမိုများပြားလာစေရန် တွန်အား ပေးနိုင်ကြောင်း ဗီယက်နမ်ကူးသန်း‌ရောင်းဝယ်ရေးနှင့် စက်မှုအဖွဲချုပ်က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်မတ်လ ၁ ရက်မှ ၂၀၂၇ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိဘတ်ထရီသုံးလျှပ်စစ်ကားများအတွက် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ကို ပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ကြေးမှရရှိသော နိုင်ငံတော်ဘတ်ဂျတ်သည် တစ်နှစ်လျှင် ၄.၈ ထရီလီယံ ဗီယက်နမ်ဒေါင် (အမေရိကန်‌ဒေါ်လာ ၁၉၂ သန်း) သို့ ကျဆင်းသွားမည်ဖြစ်ကြောင်းသိရသည်။

Source: https://www.doca.gov.mm/

 

Category: International News