ဗီယက်နမ်၏ မော်တော်ယာဥ်ဈေးကွက်သည် ဖေဖော်ဝါရီလတွင် အရှိန်အဟုန်ဖြင့် တိုးတက်မှု ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စုစုပေါင်း မော်တော်ကားရောင်းချရမှုမှာ အစီးရေ ၂၁,၆၀၆ စီးရှိကာ တစ်နှစ် ထက်တစ်နှစ် ၈၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုင်ငံပိုင် ဗီယက်နမ်သတင်းအေဂျင်စီက မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ပြည်တွင်း၌ တပ်ဆင် မော်တော် ယာဉ်များ တင်သွင်းမှုထက် သာလွန် ခဲ့ပြီး ပြည်တွင်းထုတ် ကားများ ရောင်းအား လစဉ် အစီးရေ ၁၁၀၆၇ စီး မှ ၂၁ ရာခိုင်နှုန်း တိုးလာကာ တင်သွင်းသည့် မော်တော်ယာဉ်များရောင်းအားမှာ ၈ ရာခိုင်နှုန်း မှ ၁၀၅၃၉ စီးအထိ တိုးလာကြောင်း ဗီယက်နမ်မော်တော်ယဉ်လုပ်ငန်းရှင်များအသင်း မှ ထုတ်ပြန်သောအချက်အလက် များကို ကိုးကား၍ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလတွင် ဟိုက်ဘရစ်နှင့် လျှပ်စစ် ကား အစီးရေ ၇၅၆ စီးအထိ ရောင်းချနိုင်ခဲ့ပြီး ဆီစားသက်သာသည့် မော်တော်ကားများဆီသို့ သိသာ ထင်ရှားသော အပြောင်းအလဲကို သတိပြုမိခဲ့ကြောင်း အသင်းက မှတ်ချက်ပြုခဲ့သည်။
Source: https://www.doca.gov.mm