International News

အစားအသောက်ဖူလုံမှုရှိစေရေး ဗီယက်နမ်နိုင်ငံနှင့် ဆန်တွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဖိလစ်ပိုင်နိုင်ငံအလိုရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အစားအသောက်ဖူလုံမှုရှိစေရေးအတွက် ဗီယက်နမ်နိုင်ငံနှင့် ဆန်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အလိုရှိကြောင်း ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးမွေးမြူရေး အတွင်းရေးမှူး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့လည်ပတ်ခဲ့သည့်ခရီးစဉ်တွင် ပြောကြားခဲ့ပါသည်။ Laurel သည် ဗီယက်နမ်နိုင်ငံ၏အဓိက ဆန်ထုတ်လုပ်သည့်ဧရိယာများထဲမှတစ်ခုဖြစ်သည့် AnGiang ၏ မဲခေါင်ဒယ်တာစီရင်စုသို့ လည်ပတ်ခဲ့ကြောင်း စီရင်စု၏ပြည်သူ့ကော်မတီက ၈-၇-၂၀၂၄ က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောနှစ်များအတွင်း ၎င်းတို့၏ အကြီးမားဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမငါးလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၎င်းတို့၏စုစုပေါင်းဆန်တင်ပို့မှု၏ ၄၅.၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

Laurel  က ဖိလစ်ပိုင်လူဦးရေသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်းတိုးပွားလာသည့်အတွက် ဆန်ဝယ်လိုအားမြင်တက်မှုဆီကို မောင်းနှင်နေကြောင်း၊ ပြည်တွင်းထောက်ပံ့မှုများမှာ မလုံ‌လောက်နိုင်သည့်အတွက် ဗီယက်နမ်ဆန်ကုမ္ပဏီများကို ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးစဉ်းစားရန် အလိုရှိကြောင်း ဗီယက်နမ်အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု သိရပါသည်။ ဗီယက်နမ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဇန်နဝါရီလက နိုင်ငံတော်အဆင့်ခရီးအတွင်း ဆန်ကုန်သွယ်ရေးနှင့် စိုက်ပျိုးမွေးမြူ‌ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါသည်။ ငွေကြေးဖောင်းပွမှုဖိအားကိုစီမံရန် ဖိလစ်ပိုင်သည် ဆန်အပေါ်အကောက်ခွန်ကို ၃၅ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း သိရပါသည်။

Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News