Local News

ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များ ဈေးကောင်းရနေ

Last Updated:

ပြည်တွင်းတွင်ကြိတ်ခွဲသည့် စားသုံးဆီများကို စားသုံးမှုပိုလာခြင်းကြောင့် ဆီစက်များမှ ကြိတ်ခွဲမှုများလာပြီး အဝယ်လိုက်လာ၍ ဇူလိုင်တတိယပတ်တွင် မြေပဲဆံ၊ နှမ်းနှင့် နေကြာများ အရောင်းအဝယ်သွက်သည်နှင့်အမျှ ပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များ ဈေးကောင်းလာကြောင်း သိရသည်။ ကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့် တိရစာ္ဆန်အစာဈေးကွက်ပေါ်မှုတည်ပြီး ဆီ ကြိတ်ဖတ်များ ဈေးအနိမ့်အမြင့်ရှိပြီး၊ မွေးမြူရေးအတွက်အစာထောင့်စက်ရုံများမှ အများဆုံးဝယ်ယူမှုရှိကြောင်း သိရသည်။

ပဲဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၄၀၅၀၊ ယခင်တစ်ပတ်တွင် ကျပ် ၄၀၀၀ မှ ၄၀၂၅၊ ယခင်လကျပ် ၃၈၀၀ မှ ၃၈၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၅ မှ ၅၀၊ ယခင်လထက်ကျပ် ၂၀၀ မှ ၂၅၀ မြင့်တက်လာသည်။

နှမ်းဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၃၁၀၀ မှ ၃၁၅၀၊ ယခင် တစ်ပတ်တွင် ကျပ် ၃၀၅၀ မှ ၃၁၀၀၊ ယခင်လကျပ် ၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀ မှ ၁၀၀၊ ယခင်လထက်ကျပ် ၁၀၀ မှ ၁၅၀ မြင့်တက်လာသည်။

နေကြာဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၂၀၅၀မှ ၂၀၇၀၊ ယခင် တစ်ပတ် တွင် ကျပ် ၂၀၀၀ မှ ၂၀၇၀ ၊ ယခင်လကျပ် ၁၉၅၀ မှ ၁၉၇၀ဖြစ်သည်။ ယခင် တစ်ပတ် ထက်ကျပ် ၅၀၊ ယခင်လထက်ကျပ် ၁၀၀  မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News