Local News

စီပီကြက်သားစျေး သိသိသာသာကျဆင်း

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်တွင် စီပီကြက်သားစျေးများ သိသိသာသာ ကျဆင်းလာသဖြင့် အိမ်ရှင်မများ အဆင်ပြေလျက်ရှိနေပါသည်။ ဗမာကြက်နှင့် စီပီကြက်သားဆိုပြီး နှစ်မျိုး ရောင်းချလျက်ရာ စီပီကြက်သားကိုသာ စားသုံးမှုများကြပါသည်။ စီပီကြက်သည် အသားများခြင်း၊ ဗမာကြက်သားစျေးထက် စျေးချိုခြင်းတို့ကြောင့် စားသုံးမှုများပါသည်။ အသားချည်း စျေးတစ်မျိုး၊ အရိုးအသားတွဲလျက်စျေးတစ်မျိုး ပေးဝယ်စားသုံးကြရသည်။ 
ယခင်ဇွန်လတွင် စီပီကြက်သားစျေးများ မြင့်တက်လာရာ ယခုဇူလိုင်လလယ်တွင် စျေးသိသိသာသာကျဆင်းလာပါသည်။ ပြီးခဲ့သည့်ဇွန်လတွင် စီပီကြက်သားစျေးမှာ အသားချည်း တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊ အရိုးအသားစျေးမှာ တစ်ပိဿာလျှင် ကျပ်၁၄၀၀၀ စျေးအထိရှိပါသည်။ 
ယခုဇူလိုင်လတွင် စီပီကြက်သားစျေးမှာ အသားချည်း တစ်ပိဿာလျှင် ကျပ်၁၆၀၀၀၊ အရိုးအသားစျေးမှာ တစ်ပိဿာလျှင် ကျပ်၁၀၀၀၀စျေးအထိ သိသိသာသာစျေးကျဆင်းလာသည့် အတွက် ယခင်လနှင့်နှိုင်းယှဉ်ပါက အသားတစ်ပိဿာလျှင် ကျပ်၄၀၀၀၊ အရိုးအသားတွဲလျက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ အထိ စျေးကျလာကာ စားသုံးသူပြည်သူများအနေဖြင့် အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး


 

Category: Local News