Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နှစ်လခွဲ စပါးတင်းရေ ၆၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နှစ်လခွဲ စပါးတင်းရေ ၆၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း နှစ်လခွဲစပါး တင်းရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း နှစ်လခွဲစပါး တင်းရေ ၆၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဩဂုတ်လအတွင်း နှစ်လခွဲ စပါးတင်းရေ ၆၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ ရပါတယ်။ မော်လမြိုင်ကျွန်းမြို့ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားများနေလို့ တင်ပို့အားတက်ခဲ့တာဖြစ်ပါတယ်။ နှစ်လခွဲစပါးအမျိုးအစားကို ရန်ကုန်ကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါး တင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၇၀၀၀၀ ဈေးပေါက်နေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News