Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခေါင်းပွ ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးခေါင်းပွပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင် ရှင်များသည် ငါးခေါင်းပွအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

“ညောင်တုန်းမြို့နယ်က ငါးခေါင်းပွတွေ ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လပထမပတ်ကနေ ငါးခေါင်းပွတွေ တင်ပို့အားကောင်းလာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လပထမပတ်ကနေ ငါးခေါင်းပွတွေတင်ပို့အားကောင်းလာခဲ့ပါတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွက မှာယူမှုများနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကထက် ဩဂုတ်လအတွင်း ငါးခေါင်းပွ ပိဿာချိန် ၃၂၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိ ငါးခေါင်းပွတွေမှာယူမှုများလာတော့ ငါးလုပ်ငန်းလုပ်ကိုင်သူ အားလုံးအဆင်ပြေနေပါတယ်” ဟု ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ညောင်တုန်း မြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှ တစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးခေါင်းပွများ နေ့စဉ်တင်ပို့ရောင်းချရသည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမို ကောင်းမွန်လာကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News