Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၉-၁၂-၂၀၂၄ မှ ၁၃-၁၂-၂၀၂၄) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၄၈၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၈၅၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၆၅၇၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၂၀၀၀၀  နှင့်  မတ်ပဲ SQ/RC (2024 Crop)ကျပ် ၂၅၀၀၀ ၊ ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၈၈၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀)  နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၆၄ လုံး   (တန်ချိန် ၁၅၃၆)ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၄ လုံး (တန်ချိန် ၃၃၆) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀)ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၇၀၀၀၊ မြားနီ ကျပ် ၆၅၀၀ ၊ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၄၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၅၀၀ နှင့် မြားနီ ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်သီးများ ဈေးငြိမ် လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၂၃၀၀ (၄၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၃၅၀ (၂၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၉၅၀ (၁၉၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၁၃၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်း ဈေးများငြိမ်လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၃၀၀၊ ပခုက္ကူ ကြမ်း ကျပ် ၇၂၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၈၅၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News