ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၄၀၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၃၆၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၈၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၄၀၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၃၄၀၀၊ မြင်းခြံလတ်သန့် ကျပ် ၂၅၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၁၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၅၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၃၀၀၊ မြင်းခြံလတ်သန့် ကျပ် ၂၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၂၀၀ အသီးသီးဈေးမြင့် တက်ခဲ့ပြီး ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀ ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၀ စီး (၇၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၁၅ စီး (၆၉၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၅ စီး (၃၀၀၀၀ ပိဿာ) လျော့နည်း ဝင် ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့မှ ကြက်သွန်ဖြူများနေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၂၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂ ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်ကြက်သွန်ဖြူ များ ဈေးငြိမ်လျက်သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၁၇၅၀ (၅၂၅၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ်၁၇၀၀ (၅၁၀၀၀ ပိဿာ) ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ အိတ် ၅၀ (၁၅၀၀ ပိဿာ) လျော့နည်း ဝင် ရောက်ခဲ့ကြောင်း သိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှအာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အာလူး(တစ် ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၄၀၀၀၊ အောင်ပန်း OK ကျပ် ၅၀၀၀ ၊အောင်ပန်း S1 ကျပ် ၆၀၀၀၊ အောင်ပန်း S2 ကျပ် ၇၀၀၀ နှင့် တရုတ်အာလူး ကျပ် ၈၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်း A1 ကျပ် ၅၀၀၊ အောင်ပန်း OK ကျပ် ၅၀၀ ၊အောင်ပန်း S1 ကျပ် ၅၀၀ ၊အောင်ပန်း S2 ကျပ် ၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး တရုတ်အာလူးမှာ ကျပ် ၁၀၀၀ ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၇ စီး (၁၀၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈ စီး (၁၀၈၀၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁ စီး (၆၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)