ဒီဇင်ဘာလ ပထမအပတ်တွင် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် ရော်ဘာ R.S.S-3 တစ်ပေါင် ဈေးနှုန်းမှာ မော်လမြိုင်မြို့တွင် ကျပ် ၂၉၅၀၊ ကျိုက်မရောမြို့တွင် ကျပ် ၃၀၅၀၊ ချောင်းဆုံမြို့တွင် ၂၉၅၀ ကျပ်၊ မုဒုံမြို့တွင် ၃၀၅၀ ကျပ်၊ သံဖြူဇရပ်မြို့တွင် ၃၀၀၀ ကျပ်၊ ရေးမြို့ တွင် ၂၅၇၀ ကျပ်၊ ပေါင်မြို့တွင် ၃၀၁၀ ကျပ်၊ သထုံမြို့တွင် ၃၀၃၀ ကျပ်၊ ဘီးလင်းမြို့တွင် ၃၀၀၀ ကျပ်၊ ကျိုက်ထိုမြို့တွင် ၃၀၃၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရော်ဘာ R.S.S-3 တစ်ပေါင် ဈေးနှုန်းမှာ မော်လမြိုင်မြို့တွင် ကျပ် ၃၀၅၀၊ ကျိုက်မရောမြို့တွင် ကျပ် ၃၀၅၀၊ ချောင်းဆုံမြို့တွင် ၂၉၀၀ ကျပ်၊ မုဒုံမြို့တွင် ၃၀၆၀ ကျပ်၊ သံဖြူဇရပ်မြို့တွင် ၃၁၀၀ ကျပ်၊ ရေးမြို့တွင် ၂၅၈၀ ကျပ်၊ ပေါင်မြို့တွင် ၃၀၄၀ ကျပ်၊ သထုံမြို့ တွင် ၃၀၅၀ ကျပ်၊ ဘီးလင်းမြို့တွင် ၃၀၀၀ ကျပ်၊ ကျိုက်ထိုမြို့တွင် ၃၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် ဒီဇင်ဘာလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျိုက်မရောနှင့် ဘီးလင်းမြို့နယ်တို့တွင် ဈေး မပြောင်းသော်လည်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် သထုံမြို့နယ်တို့တွင် ဈေးအနည်းငယ် တက်လာပြီး ချောင်းဆုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် ဈေးအနည်းငယ်ကျလာကြောင်း သိရှိရပါ သည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး