Local News

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇန်နဝါရီလ(နောက်ဆုံးပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀- ၁၉၀၀၀)များဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ငွေကျပ်(၁၃၀၀၀-၁၅၀၀၀) များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (ဒုတိယပတ်) တွင် ငွေကျပ် (၈၀၀၀-၁၂၀၀၀)များဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန်နွေဦးရာသီတွင် ကွမ်း အထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Source: https://www.doca.gov.mm

Category: Local News