ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ကော်ဖီတန်ချိန် ၃၀၉၅၀၅ တန် တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ဗီယက်နမ်၏ Mercantile Exchange ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးဖြစ်သူ Nguyen Duc Dung က ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီဈေးနှုန်းများမှာ သိသာစွာမြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ရလဒ်အနေ ဖြင့် ဗီယက်နမ်သည် ကော်ဖီတင်ပို့သည့်ပမာဏ ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တင်ပို့သည့်တန်ဖိုးမှာ ၃၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်တွင် ကော်ဖီဈေးနှုန်းများမှာ ဗဟိုကုန်းမြင့်ဒေသနှင့် တောင်ပိုင်းပြည်နယ်များတွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ မတ်လ ၁၄ ရက်နေ့တွက် ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၅.၄၄ အမေရိကန်ဒေါ်လာထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရောင်းလိုအားနည်းပါးမှုကြောင့် ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင်လည်း ဆက်လက်မြင့်တက်ရန်မျှော်လင့်ရကြောင်း သိရပါသည်။ ကော်ဖီအပြင် ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှုသည်လည်း တင်ပို့သည့်ပမာဏ ကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် နိုင်ငံသည် ထိုနှစ်လတာကာလအတွင် ငရုတ်ကောင်းတန်ချိန် ၂၇၂၇၄ တန်တင်ပို့ ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၄.၄ သန်း ရရှိခဲ့ကြောင်း သိရပါသည်။
Source: https://www.doca.gov.mm