ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံသို့ ဒုတိယအကြီးမားဆုံး ရေထွက်ကုန် တင်ပို့သူဖြစ်လာပြီး ဘရာဇီးနိုင်ငံ၏စုစုပေါင်းတင်သွင်းမှုပမာဏ၏ ၁၇.၃၃ ရာခိုင်နှုန်းနှင့် စုစုပေါင်းတင်သွင်းသည့်တန်ဖိုး၏ ၈.၆၉ ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါသည်။ ဘရာဇီးနိုင်ငံ၏ ပင်လယ်စာဝယ်လိုအားကြီးထွားလာမှုနှင့်အတူ ဗီယက်နမ်နိုင်ငံထုတ်လုပ်သူများသည် ထိုဈေးကွက်သို့ တင်ပို့မှုတိုးချဲ့ရန် သိသာထင်ရှားသော အခွင့်အလမ်းများကို ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံတန်ဖိုးရှိသော ရေထွက်ကုန်တန်ချိန် ၂၉၁၆၀၀ တန် တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၈.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ၏ အချက်အလက်များအရ သိရပါသည်။ နိုင်ငံသည် ချီလီ၊ တရုတ်၊ အာဂျင်တီးနား၊ အီကွေဒေါနှင့် အမေရိကန်တို့ထံမှ ပင်လယ်စာတင်သွင်းမှုများလည်း မြင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဘရာဇီးနိုင်ငံသို့တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၃၆.၆ သန်း တန်ဖိုးရှိသော တန်ချိန် ၅၀၅၀၀ ထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ ဖေဖော် ဝါရီလတွင် နိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅၅ သန်းထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၄၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် နိုင်ငံ၏စုစုပေါင်းရေထွက်ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၁ .၄၂ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ပထမနှစ်လထက် ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့မှာ ဗီယက်နမ်နိုင်ငံရေထွက်ကုန်တင်ပို့ရာ အဓိကဈေးကွက်များဖြစ်ကြောင်း သိရပါသည်။ ကျွမ်းကျင် သူများက တောင်ကိုရီးယား၊ သြစတေးလျ၊ ထိုင်း၊ ယူကေ၊ ကနေဒါ၊ ဂျာမနီ၊ ရုရှားနှင့် ဘရာဇီး တို့ပါဝင်သည့် အခြားအဓိကဈေးကွက်များသို့ ပင်လယ်စာတင်ပို့မှုမှာ ကြီးထွားမှုအားကောင်း ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ကြပါသည်။
Source: https://www.doca.gov.mm