ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း မနောသုခစပါးတင်းရေ ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အိမ်မဲမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ဆန်းက ပြောပြ၍ သိရသည်။ အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက မနောသုခစပါး တင်းရေ ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ မနောသုခစပါးတင်းရေ ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မနောသုခစပါး သီးသန့်တင်းရေ ၆၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့အခါမှာလဲ အခက်အခဲမရှိပါဘူး” ဟု အိမ်မဲမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ဆန်းက ပြောပြသည်။ အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၆၇၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ